တနင်္သာရီ၊ နိုဝင်ဘာလ ၁၆
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေး၊ကျောင်းသား/သူများ အေးချမ်းဘေးကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် (Grade-6 မှGrade-11) အတန်းများမှ (ပထမ)အကြိမ်၊ Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည့် အသက်(၁၂)နှစ်အထက်ကျောင်းသူ/သား ကျောင်းသူများအား ယမန်နေ့မှနံနက်ပိုင်းစ၍ (ဒုတိယ)အကြိမ်အဖြစ် ဆေးထိုးစုရပ်(၅)နေရာတွင် တစ်ပြိုင်တည်း စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
တနင်္သာရီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့် ဆရာမများဝန်ထမ်းများ ၊မြို့နယ်ပညာရေးမှူးဦးခင်ဇော်နှင့် ကျောင်းအုပ်ကြီးများ ၊ဆရာ/မ များနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုဖြင့် အထက (တနင်္သာရီ) ကျောင်းဆေးထိုးစုရပ်မှာ အလယ်တန်းအဆင့် ကျောင်းသား/သူ(၂၂၇)ဦးနှင့်အထက်တန်း အဆင့်(၁၂၅)ဦး၊ အထက (မော်တုန်း)ဆေးထိုး စုရပ်တွင် အလယ်တန်းအဆင့် ကျောင်းသား/ သူ (၂၂၁)ဦးနှင့် အထက်တန်းအဆင့်ကျောင်းသား /သူ(၈၅)ဦး၊ အလားတူ အထက (ညောင်ပင်ကွင်း)ကျောင်း စုရပ်တွင် အလယ်တန်းအဆင့်မှ ကျောင်းသား/သူ(၃၂၄)ဦးနှင့်အထက်တန်း အဆင့်ကျောင်းသား/သူ(၈၄)ဦး၊ အထက-(တကူ) ဆေးထိုးစုရပ်တွင် အလယ်တန်းအဆင့် (၁၂၄)ဦးနှင့် အထက်တန်းအဆင့်ကျောင်းသား/သူ (၇၆)ဦး၊ အထက-ခွဲ(မောတောင်) ကျောင်းဆေးထိုးစုရပ်တွင် လယ်တန်းအဆင့်မှကျောင်းသူ/သား (၂၃၀)ဦးနှင့်အထက်တန်း အဆင့်ကျောင်းသား/သူ(၃၉)ဦးတို့ အသီးသီးထိုးနှံပေးကြောင်းသိရသည်။
သို့ပါ၍ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် ဆေးထိုးစုရပ်ကျောင်း(၅)နေရာမှ အသက်(၁၂)နှစ်အထက်၊ အလယ်တန်းအဆင့်ကျောင်းသား/သူပေါင်း (၁၁၁၆)ဦးနှင့်အထက်တန်း အဆင့် ကျောင်းသား/သူပေါင်း(၄၀၉)ဦး၊ စုစုပေါင်းကျောင်းသား/သူ(၁၅၂၅)ဦးအား ဆေးထိုးနှံပေး နိုင်ခဲ့ပြီး၊၂၀၂၁ခုနှစ်၊အောက်တိုဘာလ(၁၇ရက်မှ၂၁အထိ)(ပထမ)အကြိမ်ကကျောင်းသား/သူပေါင်း (၂၉၂၁)ဦးကို ထိုးနှံပေးထားပြီးဖြစ်ရာ ကျန်ရှိ နေသောကျောင်းသား/သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - နန်းသာရီ-ထိန်ဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment