ပန်းတောင်းမြို့၌အသက်( ၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့၌အသက်( ၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

             

ပန်းတောင်း၊ နိုဝင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ပန်းတောင်းမြို့နယ်တွင် အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အ.ထ.က (ပန်းတောင်း)၊ အ.ထ.က (ဥသျှစ်ပင်)၊ အ.ထ.က(ထုံးဘို)၊ အ.ထ.က(ဂုံညှင်းတန်း)၊ အ.ထ.က(ရှားဖြူကွင်း)၊ အ.ထ.က(ကျောင်းဦး)၊ အ.ထ.က(ပဲကြီး) တို့တွင် ဆေးထိုးစုရပ်(၇)ခုဖြင့် ယနေ့နံနက် ၉ နာရီအချိန်ခန့်မှစ၍ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများကာကွယ်ဆေးထိုးနှံပေးခြင်းကို  သတ်မှတ်စည်းကမ်း များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သင်းသင်းအေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)