ချောင်းသာ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အသက် ၄၅ နှစ် အထက် ပြည်သူ များအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်နာရီက စတင်၍ ရွာမကျောင်းတိုက်၊ဓမ္မာရုံတွင် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဓမ္မာရုံကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့်လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့်နားနေစေခြင်း၊ကိုယ်အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ယနေ့တွင် လူဦးရေ (၁၀၀၀) ဦး ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့ထွေ/အုပ်ရုံးမှ သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်၍ ထွေ/အုပ်ဝန်ထမ်းများ၊ တိုက်နယ် ကျန်းမားရေးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကမ်းခြေစည်းကမ်းထိန်း သိမ်းရေးအဖွဲ့များက ပူးပေါင်းဆောက်ရွက်ခဲ့သည်။
သတင်း - ဇော်လင်းမောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment