ဒေးဒရဲမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ





ဒေးဒရဲ၊ နိုဝင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်နှင့် အထက်ရှိသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှစ၍ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှိ ကရဝိက်ခန်းမတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့်ပူးပေါင်း၍ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက် ရှိသည်။

ဒေးဒရဲမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သတ်မှတ်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး အသက်(၄၅)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၉၆၅)ဦးနှင့် အသက်(၁၂)နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၅၅၇)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - အေဇာလင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)