တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
















ထားဝယ်၊ နိုဝင်ဘာ ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ ပရဟိတ နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသော ရပ်မိရပ်ဖများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ မြိတ်နှင့်ကော့သောင်းတွင်လည်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိင်ငံတွင်ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ(၁)ဦး ၂၀၂၀ ပြည့်နှစ် မတ်  ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကူးစက်မှုမြင့်မားခဲ့ပြီး Stay at Home အမိန့်အား ထားဝယ်နှင့်မြိတ်မြို့နယ်တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ကြေညာခဲ့ရကြောင်း၊ ယခုအခါ သက်ဆိုင်ရာဌာနအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင်ပိုးတွေ့လူနာကျဆင်းလာသဖြင့် Stay at Home အစီအစဉ်ကို နိုဝင်ဘာ ၁၂ ရက်နေ့ကပယ်ဖျက်ခြင်းခံရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းမဖြစ်ပေါ်သေးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်စေလိုကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသောကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့်ပရဟိတများအား ဂုဏ်ပြုငွေကျပ် (သိန်း ၂၀၀ ၁ သောင်း ၆ ထောင် တိတိ)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဆွေအောင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။


သတင်း - ကျော်ကျော်လတ်(ထားဝယ်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)