ရေး၊ နိုဝင်ဘာ ၂
မွန်ပြည်နယ် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျန်းမာရေးဌာနမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ စုရပ်အသီးသီး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံစို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အဆုပ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါနှင့် (၅)မျိုးစပ် ကာကွယ်ဆေး စသည့်ကာကွယ်ဆေးများကို ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးပေးခဲ့ကြသည်။
ရေးမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်စုအလိုက် လစဉ်လဆန်း (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခင်သိမ့်သိမ့်ရည်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment