မှော်ဘီမြို့နယ်၌ အသက်(၆၅)နှစ်အောက်နှင့် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မှော်ဘီမြို့နယ်၌ အသက်(၆၅)နှစ်အောက်နှင့် အသက်(၅၅)နှစ်နှင့်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



မှော်ဘီ၊ နိုဝင်ဘာ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေးနှင့် ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျလာစေရေးတို့အတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း  များနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်အချိန်မှစတင်၍ ဆပ်သွားတော ကျေးရွာမှ အသက် ၆၅ နှစ်အောက်နှင့် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး မှော်ဘီမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပြီးသူ(၉၉၃၉၂) ဦးရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံ ပြည်သူများကိုလည်း ဦးစားပေး ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ကောင်းမြတ်သူ (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)