Pages

Pages

လဲချားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အရှိန် အဟုန်မြှင့် ကွင်းဆင်း ဆောင်ရွက်ပေး

 


လဲချား၊ နိုဝင်ဘာ   ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက် (၁၁) နာရီအချိန်တွင် ဝမ်ဖိုင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် “ပြည်သူ့ဘဝပြည့်စုံဖို့နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ဝမ်ဖိုင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ် ရသေးသူ အသက် (၁၈)နှစ်အထက် (၂၀) ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

လဲချားမြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးခြင်း လုပ်ငန်းများကို ကျေးရွာအုပ်စုများအလိုက်အဖွဲ့ခွဲ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။

သတင်း - လွှမ်းသူနောင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment