Pages

Pages

ပခုက္ကူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ်၊ ခြောက်လတာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၄၄ခု အကောင်အထည်ဖော် ဆောင်ရွက်မည်


     

ပခုက္ကူ၊ နိုဝင်ဘာ  ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ်၊ (အောက်တို ဘာလမှမတ်လအထိ) ခြောက်လ တာကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၁၄၄ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနထံက သိရသည်။

ပခုက္ကူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ်၊ (အောက်တိုဘာလမှမတ်လအထိ) ခြောက်လတာကာလအတွင်း သစ်တောဦးစီးဌာနလုပ်ငန်း သုံးခု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနလုပ်ငန်းတစ်ခု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း (ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ) လုပ်ငန်း ၂၃ ခု၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနလုပ်ငန်း ၇ ခု၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနလုပ်ငန်း ၁၂ခု၊ လမ်းဦးစီးဌာနလုပ်ငန်း တစ်ခု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန လုပ်ငန်း ၉ခု၊ စည်ပင်သာယာ ရေးအဖွဲ့ လုပ်ငန်း ၅၅ခု၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လုပ်ငန်းတစ်ခု၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လုပ်ငန်းတစ်ခု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလုပ်ငန်း ၂ ခု၊ မြို့နယ်စာရင်းစစ်ရုံး လုပ်ငန်း နှစ်ခု၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလုပ်ငန်း ၁၀ခု၊ အထူးစုံစမ်း စစ်ဆေး ရေးဦးစီးဌာနလုပ်ငန်း သုံးခု၊ မီးသတ်ဦးစီးဌာန လုပ်ငန်း နှစ်ခု၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနလုပ်ငန်း နှစ်ခု၊ ငါးလုပ်ငန်းဦးစီးဌာနလုပ်ငန်း သုံးခု၊ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနလုပ်ငန်း ၇ခု စသည်ဖြင့် မြို့နယ်အတွင်း နိုင်ငံပိုင်အခန်းမှ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းစီမံကိန်းပေါင်း ၁၄၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားကြောင်း၊ အဆိုပါ လုပ်ငန်းများအတွက် စီမံကိန်း ရည်မှန်းချက် တန်းဖိုး ငွေကျပ် ၄၃၃ ဒသမ ၈၄၆၅ ဘီလီယံလျာထားပြီး ၃ ဒသမ ၅၄၁၀၇ ဘီလီယံ ပြည့်မီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် လယ်ယာကဏ္ဍအနေဖြင့် စီမံကိန်းရည်မှန်းချက်တန်ဖိုးငွေကျပ် ၃၈ဒသမ ၃၃၂၆ ဘီလီယံရည်မှန်းထားရာ ငွေကျပ် ၃၅ဒသမ၁၅၅၁ ဘီလီယံရရှိခဲ့ သောကြောင့် ရည်မှန်းချက်အပေါ် ၉၁ဒသမ၇ ရာခိုင်နှုန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ်၊ဒေသန္တရစီမံကိန်းတွင် လယ်ယာ ကဏ္ဍကြီးအတွက် ၇ဒသမ၇ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးအတွက်  ၄၆ ဒသမ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် ၄၆ ဒသမ၁ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးပါဝင်ကြောင်း၊ ၂၀၂၀-၂၀၂၁ခုဘဏ္ဍာနှစ်၊ ၁၂လတာကာလအတွင်း စီမံကိန်း ရည်မှန်းချက် တန်ဖိုးငွေကျပ် ၈၃၄ ဒသမ၇၇၃ဘီလီယံအပေါ်တွင် ငွေကျပ် ၇၁၅ ဒသမ ၃၂၁၄ ဘီလီယံအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၅ ဒသမ ၇ ရာခိုင်နှုန်း ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းကြောင့် လုပ်ငန်းအချို့ ရပ်နားခြင်း၊ ကုန်ထုတ်လုပ်မှု လျော့နည်း ကျဆင်းခြင်း၊ စိုက်ပျိုးရေးသီးနှံအချို့ အထွက်နှုန်း နည်းပါးခြင်းတို့နှင့် ကြုံတွေ့ ခဲ့ရပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၄ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ်၊  ဒေသန္တရ စီမံကိန်းရည်မှန်းချက်များကို နိုဝင်ဘာလ ၂ ရက်နေ့က သက်ဆိုင်ရာ ကဏ္ဍများအလိုက် အကောင်အထည်ဖော ်ဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ အသီးသီးလွှဲပြောင်း ပေးအပ်ပြီးဖြစ် ကြောင်း၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်း ချက်များအဆိုပြုရေးဆွဲရာ တွင်  နိုင်ငံတော်နှင့် ပြည်သူများအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင်ပါဝင်သည့် မဏ္ဍိုင်၊ ပန်းတိုင်၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်မှသာ အတည်ပြုရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် နိုင်ငံပိုင်အခန်းကဏ္ဍ၏ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ရန်နှင့် လစဉ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီထံ အချိန်မီပေးပို့ကြရန် လိုအပ်ကြောင်း မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်လှဌေးမြင့်က ပြောသည်။ 

ဆလိုင်းကိုကီး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment