ခါမ်းပါတ်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ခါမ်းပါတ်မြို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ခါမ်းပါတ်၊ နိုဝင်ဘာ   ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခါမ်းပါတ်မြို့အတွင်းရှိ သက်ဆိုင်ရာကျောင်းအလိုက် ဆရာ/ဆရာမများ၊ ခါမ်းပါတ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပြီး ခါမ်းပါတ်နယ်မြေရဲစခန်းမှလည်း လုံခြုံရေးလိုက်ပါ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ခါမ်းပါတ်မြို့အတွက် ကိုဗစ်ကာကွယ်ဆေးအလုံးရေ (၂၅၀)ရရှိထားပြီး ဆေးတစ်လုံးလျင် နှစ်ယောက်နှုန်းဖြင့် စုစုပေါင်း လူဦးရေ( ၅၀၀)ထိုးနှံပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - သားငယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)