မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် မြိတ်လေဆိပ်သို့ ထပ်မံရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တပ်မတော်လေယာဉ်ဖြင့် မြိတ်လေဆိပ်သို့ ထပ်မံရောက်ရှိ






မြိတ်၊ နိုဝင်ဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးလျက်ရှိရာ  ယနေ့ နေ့လယ်ပိုင်းတွင်  မြိတ်လေဆိပ်သို့ တပ်မတော် လေယာဉ် ဖြင့် မြိတ်ခရိုင်ရှိ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေး  Sinopharm ၊ ကျောင်းသား/သူများအတွက် ကိုဗစ်ကာကွယ်ဆေး Sinovacနှင့် ဆေးထိုးအပ်များ ထပ်မံရောက် ရှိလာခဲ့သည်။

ထပ်မံရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို တာဝန်ရှိသူများက မြိတ်လေဆိပ်အတွင်း လွဲပြောင်း ပေးအပ်ခဲ့ရာ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရင်ရင်နွဲ့ က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူး ပေးအပ်ခဲ့သည်။  ကိုဗစ် ကာကွယ်ဆေးများတွင်  ပြည်သူများအား ဆက်လက်ထိုးနှံပေးမည့် Sinopharm ကာကွယ် ဆေး (၈၂၅၂၅)doses ၊ ကျောင်းသား/သူများအတွက် Sinovac ကာကွယ်ဆေး (၁၄၆၀၀) doses နှင့် ဆေးထိုးအပ် (၁၇၀၀၀)pcs ရောက်ရှိလာခဲ့ပြီး မြို့နယ်များတွင်  ဦးစားပေး အစီအစဉ် အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်တွင် ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ပြည်သူ စုစုပေါင်း(၈၀၂၆၆)ဦးရှိခဲ့ပြီး ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ပြည်သူစုစုပေါင်း (၄၂၉၉၇)ဦးရှိပြီဖြစ်ကာ ကိုဗစ် ကာကွယ်ဆေး Sinovac ကို ကျောင်းသား/သူ(၁၆၃၈၅)ဦးအား ပထအအကြိမ် ထိုးနှံပြီးပေးခဲ့ပြီးဖြစ်၍ ယခုရောက် ရှိလာသည့် ကာကွယ်ဆေးများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း   ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သိရသည်။

သတင်း - ခိုင်ထူး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)