မင်းဘူး၊ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူး(စကု)မြို့နယ်၊ ကုန်းသာကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် တာဝန်ရှိသူများက ကုန်းသာကျေးရွာရှိ ရပ်မိ/ရပ်ဖများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံကာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြာများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြေားကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းမှန်မှန် တက်ရောက်ပြီး ပညာကြိုးစား သင်ယူကြရန်၊ အနာဂတ်သားကောင်း ရတနာများ ပီသစွာ ပညာတတ် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားသွားကြရန် တွေ့ဆုံ မှာကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကုန်းသာကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျား(၅၀)ဦး၊ မ(၄၇)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား(၁၂)ဦး၊ မ(၁၆)ဦးနှင့် မှတ်ပုံတင် ပျောက်ပျက်သူ မ(၁)ဦး စုစုပေါင်း (၁၂၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကိုင်ဆောင်နိုင်စေရေး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြာများသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ် လိုအပ်သည့်အတွက် ယခုလို ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
သတင်း - ဇေယျာထက်(မင်းဘူး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment