ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ ၂၅၀ ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ ၂၅၀ ဦးအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး


ဒေါ့ဖုန်းယန်၊ နိုဝင်ဘာ  ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူ ၂၅၀ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် (၉:၃၀) နာရီခန့်တွင် ဒေါ့ဖုန်းယန်မြို့ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ထိုသို့ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို မိုးမောက်မြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်က အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပညာရေး ဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ရောဂါအခံရှိ/မရှိမေးမြန်းခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်၍ အသက်(၁၂)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် ကျောင်းသား/ ကျောင်းသူ ဒေါ့ဖုန်းယန် မြို့အထက်တန်းကျောင်းမှ (၃၉)ဦး၊ နားလုံးကျေးရွာ အထက်တန်းကျောင်းခွဲမှ (၃၆)ဦး၊ ဖာကေကျေးရွာ အထက်တန်းကျောင်းခွဲမှ (၆၀)ဦး၊ သိန်လုံကျေးရွာအလယ်တန်းကျောင်းခွဲမှ (၅၂)ဦး၊ တာဆိုင်ကျေးရွာ အလယ်တန်း ကျောင်းခွဲမှ (၄၃)ဦး၊ တိန်းဘုရားကျေးရွာ မူလတန်းလွန်ကျောင်းမှ(၆)ဦးနှင့် တိန်းငိတ်ကျေးရွာ မူလတန်းလွန် ကျောင်းမှ(၁၄)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

သတင်း - ကိန်းဖြူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)