ရေကြည်၊ နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ရေကြည်မြို့ ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်မြန်မာ့တပ်မတော်ထောက်ခံပွဲ ကျင်းပပြုလုပ်ရာ အင်အား ၅၀၀ ကျော်ခန့်တက်ရောက်ကြောင်းသိရသည်။
ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်မြန်မာ့တပ်မတော်ထောက်ခံပွဲသို လာရောက်ကြသော အမျိုးသားရေးအဖွဲနှင့်တပ်မတော်ထောက်ခံသူများက ပြည်သူ့အားကစားကွင်းမှစတင်ကာ ဗထူး(၅)လမ်း ၊အောင်ဆန်းလမ်း ဈေးလမ်း ၊ အောင်ဆန်း(၅)လမ်းမှဗထူး(၅)လမ်း တစ်လျှောက် တပ်မတော်ထောက်ခံသူများနှင့်အမျိုးသားရေးအဖွဲများက ပြည်ထောင်စုမပြိုကွဲရေး ဒိုအရေး ၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒိုအရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒိုအရေး၊ မြန်မာပြည်သူကိုဗိုလ်ကျလိုသူ နိုင်ငံခြားသားများ ဆန့်ကျင်ကြ၊အကြမ်ဖက် NUG -PDF ဆန့်ကျင်ကြ ၊ ပြည်ပအားကိုး ပုဆိန်ရိုးများ ဆန့်ကျင်ကြ၊ တပ်နှင့်ပြည်သူသွေးခွဲသူ ဒို့ရန်သူ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ကျန်းမာပါစေ ၊ အခြေခံဥပဒေအတိုင်းဆောင်ရွက်သော တပ်မတော်ကြီးအား ထောက်ခံပ၊ ဥပဒေနှင့်အညီ အုပ်ချုပ်သော အိမ်စောင့်အစိုးရအား ထောက်ခံပါသည် စသည့်ကြွေးကြော်သံများဖြင့် ကြွေးကြော်ကြပါသည်။
ထို့နာက် ပြည်သူ့အားကစားကွင်းသို ပြန်လည်ရောက်ရှိကြကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်မြန်မာ့တပ်မတော်ထောက်ခံပွဲအား ဆက်လက်ပြုလုပ်ရာ အမျိုးသားရေး ဆရာတော် ဦးသုစိတ္တ နှင့်မြန်မာ့တပ်မတော်ထောက်ခံသူများက ဦးစွာ နိုင်ငံတော်အလံအား အလေးပြုခြင်း ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း ၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်း များပြုလုပ်ပါသည်။
ဆက်လက်၍ အမျိုးသားရေး ဆရာတော် ဦးသုစိတ္တ ကအကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်မြန်မာ့တပ်မတော်ကြီးကို ဘာလိုထောက်ခံနေကြရတာလည်းဆိုရင် တပ်မတော်ဆိုတာ နိုင်ငံအတွက်ဆိုရင် စည်းနဲ့တူတယ် ပြည်သူ့အတွက်ဆိုရင် ထီနဲ့တူတယ် ရန်သူအတွက်ဆိုရင်မီးနဲ့တူတယ် ဒါကြောင့် မြန်မာ့တပ်မတော်ကြီးကိုထောက်ခံပြီး အကြမ်းဖက်တွေကို ဆောင့်ကန်တဲ့ပွဲဖြစ်ကြောင်း အမျိုးသားရေး ဆရာတော် ဦးသုစိတ္တ မှမိန့်ကြားပါသည်။
ထို့နောက် ကျောင်းကုန်းမြို့နယ်နေသူ အမျိုးသားရေး ဦးရဲကျော် ကမြန်မာ့တပ်မတော်ထောက်ခံပွဲပြုလုပ်ရခြင်းနှင့်ပါတ်သက်ပြီး တပ်မတော်သည် အမိနိုင်ငံနယ်နမိတ်ကိုကာကွယ်ပေးခဲ့တယ် ပြည်သူ့အကျိုးပြုလုပ်ငန်တွေ ဆောင်ရွက်ပေးခဲ့သလို ပြည်သူတွေရဲ့ဘဝလုံခြုံမှုရှိစေရေးအတွက် ရန်သူတွေရဲ့အခြေချစခန်းကြီးတွေ အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ကြောင်း စသည်များပြောကြားပြီး မြန်မာ့တပ်မတော်ထောက်ခံသူများမှ ကြွေကြော်သံများဖြင့် ကြွေးကြော်ပြီး အခမ်းအနားအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ကြောင်းသတင်းသိရှိရသည်။တပ်မတော်ထောက်ခံပွဲပြုလုပ်ရာတွင် ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွန်ချက်များကိုလိုက်နာပြီး သုံးဦးစီတန်းစီကာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေစီနေထိုင်စေပြီး Mask နှာခေါင်းစည်းများပါစပ်ပိတ်များ တပ်ဆင်ထားကြောင်းသိရသည်။
သတင်း - ဆန်းတင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment