Pages

Pages

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှု





ကျောက်ဖြူ၊ နိုဝင်ဘာ   ၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ်တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာကျဆင်းလာသည့်အတွက် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ  ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ၊ အလက(၂) အထက(ခွဲ) မြို့မကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား လှည့်လည်ကြည့်ရှု၍ ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားပြီး ပါးစပ်နှာခေါင်းစည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ပြီး ၎င်းရုံးရှိ အစည်းအဝေးခန်းမ၌ ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံလျက်ရှိသည့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာရှိ အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ  ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်း - တင်ထွန်းဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment