ပေါက်တော၊ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလအတွင်း ယာယီပိတ်ထားခဲ့သည့် အခြေခံပညာစာသင်ကျောင်းများကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သည်။
အဆိုပါအခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခြင်းသို့ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပေါက်တောမြို့နယ် မြို့နယ်ပညာရေးမှူး တို့ကလာရောက်ကြည့်ရှုကြပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်မှ ကျောင်းသား/ကျောင်းသူများအား သားတို့၊သမီးတို့ဟာ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေဆဲကာလမှာ စာသင်ကျောင်းများကို ယာယီပိတ်ထားရသော်လည်း ယခုကျောင်းပြန်ဖွင့်ပြီး ပညာစ၍သင်ကြားရတဲ့အချိန်မှာ စိတ်လေလွင့်မှုမရှိဘဲ သင်ကြားကြစေလိုကြောင်း၊ စိတ်ဓါတ်မယိမ်းယိုင်ဘဲ ရည်မှန်းချက်ပန်းတိုင်ကို ဇွဲမလျော့ဘဲကြိုးစာကြစေလိုကြောင်း၊ မိမိတို့ရဲ့ပညာဂုဏ်ဖြင့် မိမိတို့ရဲ့ကျောင်းနှင့် မိမိမြို့ကို ဂုဏ်တက်အောင်ကြိုးစားကြစေလိုကြောင်း အားပေးစကားများ ပြောကြားခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပျံနှံ့မှုမရှိစေရန် မိမိကအစ ကာကွယ်ကြစေလိုကြောင်း မှာကြားခဲ့သည်။ ကျောင်းသား/ကျောင်းသူများမှာလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်ကမ်းချက်များနှင့်အညီ ပျော်ပျော်ရွှင်ရွှင်နှင့် အေးချမ်းစွာ ပညာသင်ကြားနေကြကြောင်း သိရသည်။
သတင်း - ကျော်သန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment