ဂွမြို့တွင် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ သတ်မှတ်ဦးတည်အုပ်စု ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့တွင် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ သတ်မှတ်ဦးတည်အုပ်စု ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ



ဂွ၊ နိုဝင်ဘာ   ၅

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊  ဂွမြို့နယ်တွင် ယနေ့နံနက် (၉)နာရီခွဲအချိန် က Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ သတ်မှတ်ဦးတည်အုပ်စု  ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယမြောက်နေ့အဖြစ်  ကျန်းမာရေးဝန်ထမ်းများက  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးရာတွင် ယမန်နေ့က  သတ်မှတ်ဦးတည်အုပ်စု  ပြည်သူ(၈၀၀)ဦး  လာရောက် ထိုးနှံခဲ့ကြောင်းနှင့်  စုရပ်(၃)ခုဖြစ်သည့်  ဂွမြို့စုရပ် (သာသနာ့ဗိမ္မာန်)၊  ဆပ်သွား (အ.ထ.က)နှင့်  ကျိန္တလီထွေ/အုပ်ခန်းမ တို့တွင်   ကာကွယ်ဆေးထိုးရန်  လာရောက်သူများအား ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စသည့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့်   ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း   သိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)