မင်းလှ၊ နိုဝင်ဘာ ၄
ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန် အတွက် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အား ယနေ့ နံနက် ၉ နာရီချိန်က စတင်၍ ဆေးထိုးစုရပ်(၈) နေရာတွင် စတင်ထိုးနှံပေးခဲ့သည်။
ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများဖြစ်သည့် အ.ထ.က မင်းလှ(မြို့ပြင်)၊ အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.ကရေကျော်၊ အ.ထ.က ရွှေလောင်း၊ အ.ထ.က(ခွဲ) ကိုင်းပြင်ကြီး၊ အ.ထ.က (ခွဲ)ဦးတိုစာဖြူစု၊ အ.ထ.က( ခွဲ) ကညင်ပင်တို့တွင် ကျောင်းများအလိုက် ကာကွယ်ဆေးကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီချိန်အထိ ထိုးနှံပေးလျက်ရှိသည်။
ဆေးထိုးနှံခြင်း အစီအစဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ရဲတပ်ဖွဲ့ဝင် များ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးစာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းပေါင်း (၄၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၄၄၅) ဦးကို ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ရာ အောက်တိုဘာလ တတိယပတ်အတွင်း (၂၆၈၄)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ယနေ့ချိန်မှ စတင်၍ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသည့် ကျောင်းသား၊ ကျောင်းသူ(၁၇၆၁)ဦးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment