အောင်လံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်




အောင်လံ၊ နိုဝင်ဘာ   ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများ အနေဖြင့် အရည်အသွေးမီ၊ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် ပြောကြားပြီး မြို့နယ် စီမံကိန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပရာ အောင်လံမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်း - မျိုးသိန်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)