ဝက်လက်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်ဆီကုန်သည်နှင့်ဆီစက် လုပ်ငန်းရှင်များအသင်းက လူစည်ကားရာ နေရာတစ်ခုဖြစ်သော မြို့မဈေး အနီးတွင် နိုဝင်ဘာ ၃ရက်နေ့ နံနက်၆နာရီအချိန်ကစတင်ကာ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၃၉၀၀နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယခုလို “ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးအ ဆင်ပြေ မှုရှိစေရေးရန် လူတစ်ဦးလျှင် ဆီတစ်ပိဿာနှုန်းဖြင့် ဈေးနှုန်းမှာ ငွေကျပ် ၃၉၀၀ပြင်ပပေါက်ဈေးထက် သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ရောင်းချမှုကတော့ ပဉ္စမအကြိမ်မြောက် ဆီပိဿာပေါင်း ၁၁၀၀ရောင်းချပေးခဲ့ တာဖြစ်ကြောင်း” ဝက်လက်မြို့နယ်ဆီကုန်သည်များနှင့် ဆီစက်လုပ်ငန်း ရှင်များအသင်း၊ ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင်နှင့်ပတ်သတ်ပြီး ဆီရောင်းချသူများအနေဖြင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိ၊ ဆီဝယ်ယူသုံးစွဲသူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိခြင်းရှိ/မရှိကို မြို့နယ် စားသုံး သူရေးရာဦးစီးဌာန၊ တာဝန်ခံ၊ ဦးမျိုးအောင်ကဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း- မာဝင်း(ဝက်လက်)
http://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment