ကန့်ဘလူမြို့နာ်၌ အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နာ်၌ အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး



ကန့်ဘလူ၊ နိုဝင်ဘာ   ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာရီခန့်က မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးအား စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း ဦးတည်အုပ်စုများဖြစ်သည့် အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများ ကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် နိုဝင်ဘာ ၁၃ ရက်ကစတင်ထိုးနှံပေးခဲ့ရာ  ယင်းနေ့က ၁၀၄၄ ဦး၊ နိုဝင်ဘာ ၁၄ ရက်က ၁၈၈၀ ဦး နှင့်ယနေ့တွင် ၁၇၃၉ ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိသူများကို လည်းဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

သတင်း - အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)