မိုးနဲမြို့နယ်အတွင်း အုပ်စုအလိုက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်အတွင်း အုပ်စုအလိုက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ



မိုးနဲ၊ နိုဝင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအသုတ် အကြိမ်ပြည့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီမံမှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲစခန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ (စေတနာ့ဝန်ထမ်းများ)နှင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့် လာရောက်ထိုးနှံသူ များကို ၆ ပေအကွာတွင်ထိုင်စေခြင်း၊ စာရင်းသွင်းပေးခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် ပေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးပြီး SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်လုံးလျှင် ၅ ယောက်နှုန်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇင်ကိုကို (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)