မိုးနဲမြို့နယ်အတွင်း အုပ်စုအလိုက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးနဲမြို့နယ်အတွင်း အုပ်စုအလိုက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ



မိုးနဲ၊ နိုဝင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအသုတ် အကြိမ်ပြည့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မြို့နယ် ကမ္ဘောဇခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီမံမှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲစခန်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ (စေတနာ့ဝန်ထမ်းများ)နှင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းကာ အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့် လာရောက်ထိုးနှံသူ များကို ၆ ပေအကွာတွင်ထိုင်စေခြင်း၊ စာရင်းသွင်းပေးခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် ပေးခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးပြီး SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်လုံးလျှင် ၅ ယောက်နှုန်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇင်ကိုကို (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)