ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ





ကော့သောင်း၊ နိုဝင်ဘာ  ၁၂

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်အလိုက်ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ၊စစ်ဗျူဟာဆေးအဖွဲ့ (ကော့သောင်း)နှင့်ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်း ထိုးနှံပေးခြင်းဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အသက်၁၈နှစ်အထက် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ကာကွယ် ဆေး တစ်ကြိမ်ထိုးနှံပြီးသူ (၃၆၆၀၀)ကျော်နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၃၂၂၈၄)ကျော် ခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုး အဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ပထမကြိမ်ဆေးထိုးနှံပြီးသူ အဏ္ဏဝါ ရပ်ကွက်ပြည်သူ(၃၂၅)ဦးအား မဉ္ဇူသကပြည်သူ့ခန်းမတွင် အမှတ်(၁၃)ကုတင်(၁၀၀) တပ်မတော် ဆေးတပ်ဖွဲ့ဝင်များကလည်းကောင်း၊ ရွေဟင်္သာရပ်ကွက်၊ ပြည်သူ(၃၀၀) ကျော်ခန့် အား၊ရပ်ကွက်ဓမ္မာရုံတွင် စစ်ဗျူဟာအဖွဲ့(ကော့သောင်း) ဆေးတပ်ဖွဲ့ ကလည်းကောင်း၊ ချန်းဖမ်း ကျေးရွာ၊ကျေးလက်ပြည်သူ(၅၀၀)ဦးခန့်ကို ကျေးရွာတိုက်နယ်ဆေးရုံ၌  မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများကလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ်တစ်ပြိုင်နက်တည်း ထိုးနှံ ပေးကြခြင်းဖြစ်ကြောင်းလည်းသိရသည်

သတင်း - ကျော်စိုး (ကော့သောင်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)