ကျိုက်လတ်၊ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၉ နာရီကမြန်မာ ကရင်စုကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြန်မာကရင်စုကျေးရွာရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀ နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၂)၊ မ(၅)ဦး ပေါင်း(၇)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကျား (၁၂)ဦး ၊မ(၁၉)ဦး ပေါင်း(၃၁)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကျား(၁၃)ဦး မ(၅)ဦး ပေါင်း(၁၈)ဦး နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး မိတ္တူ ထုတ်ပေးမှု ကျား(၂၈)မ(၄၈)ဦး ပေါင်း(၇၆)ဦး၊ စုစုပေါင်း ကျား(၅၅)ဦး၊ မ(၇၇)ဦး စုစုပေါင်း(၁၄၂)ဦး အားနေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကျိုက်လတ်မြို့နယ် ကူးကျေးရွာအုပ်စုတွင် (၆၈)ဦး၊ သာယာကုန်းကျေးရွာအုပ်စုတွင်(၃၅)ဦးတို့တွင်လည်း ပန်းခင်းစီမံချက် ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြား များကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ဌေးဌေးလှိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment