ဂွမြို့နယ်တွင် အသက်(၁၂)အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် အသက်(၁၂)အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ပြန်လည်ထိုးနှံပေး


ဂွ၊ နိုဝင်ဘာ    ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (ဒုတိယ အကြိမ်) ထိုးနှံပေးခြင်းကို ယနေ့မှစတင်ကာ စုရပ်ကျောင်းများတွင် ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ  ပြန်လည်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်အနေဖြင့်  အခြေခံပညာကျောင်းများ အခြေပြု၍ အသက်(၁၂)အထက်‌ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးစုရပ်များ သတ်မှတ်ထားပြီး စုရပ်(၅)ခုဖြစ်သည့်  အ.ထ.က(ဂွမြို့)တွင် နိုဝင်ဘာလ(၂၂)ရက်နေ့နှင့် (၂၃)ရက်နေ့ များတွင် လည်းကောင်း၊ အ.ထက(ဆပ်သွား)နှင့် အ.ထ.က(ကျိန္တလီ) ကျောင်းများတွင်  နိုဝင်ဘာလ(၂၂)ရက်နေ့၌ လည်းကောင်း၊ အ.ထ.က(ရတနာမြိုင်)တွင် နိုဝင်ဘာလ (၂၃)ရက်နေ့၌ လည်းကောင်း၊ အ.ထ.က (တောင်ပေါက်)တွင် နိုဝင်ဘာလ (၂၄)ရက်နေ့၌ လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအကြိမ်)ကို ပြန်လည်ထိုးနှံပေးသွားမည် ဖြစ်‌ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)