မိုင်းနောင်မြို့ အ.ထ.က ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းနောင်မြို့ အ.ထ.က ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးလျက်ရှိ


မိုင်းနောင်၊ နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အ.ထ.က မိုင်းနောင် ကျောင်းရှိ (ပထမအသုတ်) (ပထမအကြိမ်) ကာကွယ် ဆေးထိုးနှံပြီးသော အသက် (၁၂) နှစ်အထက် ကျောင်းသားကျောင်းသူများအား (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး၊ ထိုးနှံမှုပြီးစီးပါက (ဒုတိယအသုတ်) (ပထမ အကြိမ်) ထိုးနှံမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့် အချက်အလက် စာရင်းများအား ဖြည့်သွင်းပြုစု မှတ်တမ်းတင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊‌ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးထိုးနှံပြီးပါက နာရီဝက်စောင့်ဆိုင်းစေခြင်းများကို စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ၊ အ.ထ.က မိုင်းနောင် ကျောင်းအုပ်ဆရာကြီး ဦး‌ဇော်လှိုင်ထွန်းနှင့် ဆရာ/ဆရာမများ၊ ကျန်းမာရေးဌာနမှ ဆရာမများနှင့် ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - မနန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)