နေပြည်တော်၊ နိုဝင်ဘာ ၂၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခွဲတွင် နောင်ချို မြို့နယ် မူဆယ်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ်(၈၀/၄)တွင် ရဲဝင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ထက်ရှိုင်း မောင်းနှင်ပြီး ပိုင်ပိုင်စော လိုက်ပါလာသည့် ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ ရဲဝင်းအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို လည်းကောင်း။
ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ် တာပန်ချောက်ကျေးရွာအနီးတွင်လောဝူအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၃ ကီလိုနှင့် စိတ်ကြွရူးသွပ်
ဆေးပြား ၂၃၀၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment