နိုင်ဂျီးရီးယားနိုင်ငံတွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ဂျီးရီးယားနိုင်ငံတွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ မြင့်တက်လာ



လေးဂို့စ်၊ နိုဝင်ဘာ ၆

နိုင်ဂျီးရီးယားနိုင်ငံ လေးဂို့စ်မြို့တွင် နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက အထပ် ၂၁ ထပ် အဆောက်အဦပြိုကျခဲ့ပြီး လူကိုးဦး အသက်ရှင်ခဲ့ကြောင်းနှင့် အပျက်အစီးများကြားမှ ရုပ်အလောင်း ၃၈ လောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းအချက်အလက်နဲ့ နည်းဗျူဟာဆိုင်ရာ မဟာမင်းကြီးက  သတင်းထောက်များအား နိုဝင်ဘာ ၅ ရက်က ပြောကြားခဲ့သည်။ 

ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပြိုကျချိန်တွင် အဆောက်အအုံအတွင်းရှိလူတိုင်းကို အစိုးရက ထည့်သွင်းတွက်ချက်ပြီး မည်သူမျှမကျန်ရစ်ကြောင်း အသိအမှတ်ပြုသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Gbenga Omotoso မှ ပြောကြားခဲ့သည်။

ပြန်လည်တွေ့ရရှိထားသော ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဖော်ထုတ်ရန် အလွန်ခက်ခဲသော ရုပ်အလောင်းများအတွက် DNA စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း Omotoso က ပြောကြားခဲ့သည်။

Omotoso သည် အပျက်အစီးများအောက်တွင် ပိတ်မိနေသေးသည့် လူမည်မျှရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပျောက်ဆုံးနေသူ ၃၂ ဦး၏ အမည်များကို ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

လေးဂို့စ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးက ပြိုကျသည့် အဆောက်အအုံ ပြိုကျရခြင်း အကြောင်းရင်းကို စုံစမ်း စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အဆောက်အအုံပြိုကျ ပျက်စီးမှုတွင် သေဆုံးသူများအတွက် သုံးရက်ကြာ ဝမ်းနည်းကြေကွဲဖွယ်ရာနေ့အဖြစ် ကြေညာခဲ့သည်။


Ref - (ဆင်ဟွာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)