ဝမ်းတွင်း၊ နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးSinopharmမျာ းထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်ခန်းမတွင်ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Covid19ရောဂါ ကာကွယ်ဆေးSinopharmအားFirstDose၊SecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိ အသက်(၆၅)နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူများနှင့်Valunteerများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေး အချက်အလက်စာရင်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများ၊ဒေသခံပြည်သူကျား(၂၄၃၈)ဦး၊မ(၂၅၉၃)ဦး၊စုစုပေါင်း(၅၀၃၁)ဦးအား ကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွာသို့မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ကိုရဲ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment