Pages

Pages

ကော့သောင်းမြို့တွင် အသက်၁၈ နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ






ကော့သောင်း၊ နိုဝင်ဘာ   ၃ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ဆက်လက်ထိုးနှံပေးလျှက်ရှိရာ နိုဝင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းက  ဆေးထိုးစုရပ်ဖြစ်သည့် မဉ္ဇူသက ပြည်သူ့ခန်းမ၌ အသက်၁၈နှစ်အထက်ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ထိုးနှံပေးခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ဖြစ် ကြောင်း၊ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် အသက် ၁၈ နှစ်အထက် မြို့နေပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူ (၃၂၀၀၀)ကျော်နှင့် နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ (၂၅၀၀၀)ကျော်ခန့်ရှိပြီးဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးSinovac  ဖြင့် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ (၂၀၀၀)ကျော်ခန့် ကိုလည်း ဆေးတစ်ကြိမ်စီထိုးနှံပေးပြီးဖြစ်ကြောင်း၊လာမည့် ၂၀၂၁ခုနှစ် နှစ်အကုန်ပိုင်းတွင် မြို့နေ့လူဦးရေ၏ ၅၀ရာခိုင်နှုန်းခန့်ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ့ပြီးစီးနိုင်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုး အဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။

သတင်း - ကျော်စိုး (ကော့သောင်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment