တနိုင်း၊ နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ အခြေခံပညာကျောင်းများအား ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့် ဌာနဆိုင်ရာများက ပူးပေါင်း၍ တတ်နိုင်သလောက် လှူဒါန်းတာဖြစ်ကြောင်း၊ ဆရာ/ဆရာများ အားနည်းချက်များရှိရင်လည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ကြောင်း၊ ကလေးများအားလုံး ကျောင်းပုံမှန်တက်ရောက်နိုင်အောင် ကျောင်းသားမိဘများနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများလည်း ကျောင်းသား၊ ကျောင်းသားများအား ဆက်လက်ထိုးသွားမှာ ဖြစ်ကြောင်း ပြောကြားသည်။
တနိုင်းမြို့နယ်အတွင်း ချို့တဲ့သည့် အခြေခံပညာမူလတန်းကျောင်း (၁၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်(၂)ဒါဇင်နှင့် Mask (၂) ဗူးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးလှမြင့်၊ ဗိုလ်မှူးတေဇာအောင်၊ လဝက ဦးစီးမှူး ဦးအောင်တိုး၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းမှ ယခုလို ပညာရေးဌာနကို ကျောင်းသုံးဗလာစာအုပ်နှင့် Mask များထောက်ပံ့ လှူဒါန်းပေးခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပညာရေးဌာနကို စိတ်ဝင်စားစွာ နောက်နောင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများမှ လိုအပ်သည့်နေရာများမှာ ဆက်လက်ပူပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးကြစေလိုတယ်လို့ ပြောကြားခဲ့ ကြောင်းသိရသည်။
သတင်း - ဝါဝါ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment