ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး





ငါန်းဇွန်၊  နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ပြည်သူများအား မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီအချိန်မှ စ၍ မြို့မဇုံမှ (၃၀၉)ဦး၊ မြို့သာဇုံမှ (၅၀)ဦး၊ ငါန်းမြာဇုံမှ (၁၁၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၁၁၄)ဦး၊ သားကျင်ဇုံမှ (၁၃၅) ဦး၊ ဂျိုဇုံမှ (၁၈)ဦး၊ သံဘိုဇုံမှ (-) ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (၇၀)ဦး၊ မြို့နယ် အတွင်း ဇုံ(၉)ဇုံမှ (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၈၁၁)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ အောက်တို ဘာ ၁၈ရက်နေ့မှ နိုဝင်ဘာ ၈ရက်နေ့အထိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်ဦးစား ပေးအုပ်စုအလိုက် (၁၁၇၀၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။                

သတင်း - သက်နောင်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)