တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ငွေကျပ် ၁ . ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ငွေကျပ် ၁ . ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



တာချီလိတ်၊ နိုဝင်ဘာ   ၁၆ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ မြန်မာငွေကျပ် ၁ . ၃၉ ဘီလျံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းထုတ်ပြန်ချက်တွင် တာချီလိတ်မြို့၊ပါဆယ်ရပ်ကွက်၊လွန်းကျိုင်းကျေးရွာက အိမ်အမှတ် ၁/၃၆၉ ရဲ့နေအိမ်ကို နိုဝင်ဘာ ၁၂ရက် မွန်းလွဲ ၂ နာရီခွဲအချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တစ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းလုံ ၄၁ နှစ်နှင့် စိုးရီ ၂၇နှစ်တို့နှစ်ဦးကို တန်ဖိုးငွေကျပ် ၁ ဒသမ ၃၉ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ M-16 သေနတ်၂ လက်၊ ပစ္စတိုသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၇ လုံး၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်၊ ပစ္စတိုလေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၃,၃၇၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)