မေတ္တာ၊ နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အသက် ၁၂ နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား(ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀နာရီခန့်က မေတ္တာမြို့ အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသူ (၅၀)ဦးနှင့်ကျောင်းသား (၂၈)ဦး၊ စုစုပေါင်း(၇၈)ဦးတို့အား သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက် ပေးပြီး ထားဝယ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စနစ်တကျထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မေတ္တာမြို့အုပ်ချုပ်ရေးမှူး၊ ဦးသူရထွန်း ကြီးကြပ်မှုဖြင့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက် ဦးစီး မှူး၊ ဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - နန်းခလိုက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment