တပ်ကုန်း၊ နိုဝင်ဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂ဝ၂၂ခု၊ ဘဏ္ဍာရေးနှစ်(၆)လတွင် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ဂွေးပင်ကျေးရွာနှင့် ညောင်တုန်းအိုင်ကျေးရွာအုပ်စု၊ ကျီးအင်းကျေးရွာတို့တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ များဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွား စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံ ကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို နိုဝင်ဘာ(၁)ရက်နေ့မှ(၃)ရက်နေ့ အထိ အဆိုပါကျေးရွာများတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထိုမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းနှင့် ဝန်ထမ်းများက ဂွေးပင် ကျေးရွာနှင့်ကျီးအင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကြောင်းကို အသီးသီးမိတ်ဆက် ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ဆန္ဒမဲပေးခြင်းများ ပြုလုပ်ခဲ့ပြီး၊ မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီများအား ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါကျေးရွာနှစ်ရွာသည် တပ်ကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ် (၆)လတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
သတင်း - တင်စိုးလွင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment