ကိုးသိန်းအားစားကွင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများနှင့် ကန်သုံးဆင့်ကန်ပတ်လမ်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုးသိန်းအားစားကွင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများနှင့် ကန်သုံးဆင့်ကန်ပတ်လမ်း ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး




ပုသိမ်၊ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့ လိုက်ပါလျက် ယမန်နေ့က ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့ ရောက်ရှိ၍ ကိုးသိန်းအားကစားကွင်း မီတာ (၄၀၀) ပြေးလမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ကိုးသိန်းအားကစားခန်းမ အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည်ရှုစစ်ဆေးခဲ့ပြီး  အရည်အသွေးပြည့်မီရန် နှင့် အချိန်မီပြီးစီး စေရေး လမ်းညွှန်မှာကြားခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ သွားရောက်ခဲ့ပြီး ပြတိုက်ရှိ ထူးချွန်ထင်ရှားဧရာဝတီတိုင်းသား အကျော်အမော်များ ပြခန်း၊ ၁၁ ရာစု ကုန်းဘောင်ခေတ်အသုံးအဆောင်ပစ္စည်းများ၊ ၁၄ ရာစု အင်းဝခေတ်အသုံး အဆောင်ပစ္စည်းများ၊ ၁၉ ရာစု ရတနာပုံခေတ် ဘုရားဆင်တုတော်များ ပြသထားမှုအား ကြည့်ရှုခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှူးမှ တိုင်းဒေသကြီးအတွင်းရှိ ကိုလိုနီခေတ်အဆောက်အဦးတည်ရှိမှု အခြေအနေများ၊ ထိန်းသိမ်းထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သမိုင်းအချက်အလက်များ တိကျမှုရှိစေရန် အတွက် ခုနှစ်သက္ကရာဇ်များ ထည့်သွင်းဖော်ပြရန်၊ အဆောက်အဦများအတွက် ရှေးဟောင်းမှတ်တမ်း ဓာတ်ပုံများ၊ ပန်းချီကားများ စုစည်းထားရှိရန်နှင့် ရှေးဟောင်းမှတ်တမ်းများအား စနစ်တကျ ထိန်းသိမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်သာယာတွင် အများပြည်သူ အပန်းဖြေ လမ်းလျှောက်နိုင်ရန်အတွက် ကန်ပတ်လမ်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)