နေပြည်တော်၊ နိုဝင်ဘာ ၂၀
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးမှာ အရေးအကြီးဆုံးဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေး အတွက် အခြေခံလိုအပ် ချက်များဖြစ်သည့် စာသင်ကျောင်းများ တည်ဆောက်ပြုပြင်ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပေးခြင်း၊ အရည်အချင်းပြည့်ဝသည့် ဆရာဆရာမများ မွေးထုတ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် အနာဂတ်မျိုးဆက် သစ်လူငယ်များ ကျောင်းနေပျော်ရေးနှင့် ပညာသင်ကြားရေးတွင် စိတ်ဝင်စားမှုရှိစေရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများက ညီညွတ်မျှတစွာ ထိန်းမတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်အတွက် အရေးအကြီးဆုံးဖြစ်သော ပညာရည် မြင့်မားရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေမှုအပေါ် အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် CRPH၊ NUG နှင့် PDF အကြမ်းဖက်သမားများသည် အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား ရက်စက်ယုတ်မာစွာ အကြမ်းဖက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပညာရေးကဏ္ဍအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများနှင့် ပညာရေးအဆောက် အဦများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို အသိတရားမဲ့စွာ လုပ်ဆောင်လျက် ရှိခြင်းကြောင့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အထိ စာသင်ကျောင်းပေါင်း ၄၄၄ ကျောင်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment