ကျိုက်ဒုံ၊ နိုဝင်ဘာလ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အုပ်ချုပ် ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ ပထမအသုတ်၊ ဒုတိယအကြိမ် အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် (အ.ထ.က) ကျိုက်ဒုံ၊ နော်တမံကျေးရွာ (အ.ထ.က)ခွဲ၊ မိတန်ကျေးရွာ (အ.လ.က)၊ အဇင်းကျေးရွာ (အ.ထ.က)ခွဲ၊ မိနန်းအပ်ကျေးရွာ (အ.လ.က) ကျောင်းများမှ အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၅၀)အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
ထိုနောက် ကာကွယ်ဆေးထိုးရန် လာရောက်သည့် ကျောင်းသားကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ဆရာ ဆရာမများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများမှ သွေးပေါင် ချိန်ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းနိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment