ချောင်းဦးမြို့ ဥပုသ်ဈေးအတွင်း ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးပေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောင်းဦးမြို့ ဥပုသ်ဈေးအတွင်း ဈေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးပေးပြီး ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး



ချောင်းဦး၊ နိုဝင်ဘာ    ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ဥပုသ်ဈေးအတွင်း ဈေးရောင်းချနေသူများအား ယနေ့နံနက် ၉နာရီအချိန်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါရှိ/မရှိ နှာခေါင်းတို့ပတ်ယူ စစ်ဆေးပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှ မထိုးနှံရသေးသူများအား ပထမအကြိမ် ထိုးနှံပေးခဲ့သည်။

ရောဂါဖြစ်ပွါးမှုနှုန်း ကျဆင်းလာချိန်တွင် ချောင်းဦးမြို့နယ်အတွင်း ရောဂါဖြစ်ပွါးမှုမရှိစေရေး ကြိုတင်ကာကွယ်သည့် အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထူးကျော်နှင့်အဖွဲ့ဝင် များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ဒေါက်တာကျော်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများစုပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးမှုအပေါ် ဈေးအတွင်း ဆန်ရောင်းချနေသည့်မသီသီနွယ် နှင့်ရန်အောင်မြေမှ ဈေးလာရောင်းချ သည့် မမျိုး တို့က ဈေးအတွင်းသို့လာရောက်ပြီး ရောဂါရှိ၊မရှိ အခမဲ့ စစ်ဆေး ပေးသည့် အတွက်ကျေးဇူး တင်ရှိပါကြောင်း၊ ရောဂါကာကွယ်နိုင်စေရေး ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် မိမိတို့ကိုယ်တိုင် စိတ်ချလက်ချ ဈေးရောင်းရသည့်ကို ကျေးဇူးတင်ရှိ ဝမ်းသာ ကြောင်း ပြောကြားခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ ဆေးကုသပေးနိုင်ရန် စီစဉ်ထားပြီး၊ ကာကွယ်ဆေးပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာလဆန်းတွင် ထိုးနှံပေးရန် စီစဉ်ထားကြောင်း၊ ယနေ့ ရောဂါစစ်ဆေးခဲ့သူအားလုံး ရောဂါပိုး မတွေ့ရှိကြောင်းသိရသည်။

သတင်း - ဝင်းမြင့်အောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)