မင်းဘူးမြို့ရှိ အောက်ဆီဂျင်စက်ရုံ၌ အန္တရာယ်ကင်းပရိတ် တရားတော်နာ မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့ရှိ အောက်ဆီဂျင်စက်ရုံ၌ အန္တရာယ်ကင်းပရိတ် တရားတော်နာ မင်္ဂလာအခမ်းအနားကျင်းပ

 


မင်းဘူး၊ နိုဝင်ဘာ   ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများ၏ အောက်ဆီဂျင် အရေးပေါ်လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် မင်းဘူးမြို့၊ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ရုံးဝင်းအတွင်း၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံ၌ ယမန်နေ့ နံနက်ပိုင်းက အန္တရာယ်ကင်း ပရိတ်တရားတော်နာ မင်္ဂလာအခမ်းအနားကို ကျင်းပရာ  အခမ်းအနားသို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် မတည်အလှူရှင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတတ်သ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ပင့်သံဃာ ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံ ယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညို ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းများ ပေးဝေခဲ့ကြပြီးနောက် ပင့်သံဃာ ဆရာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။

မင်းဘူးမြို့ရှိ အောက်ဆီဂျင်စက်မှာ တရုတ်နိုင်ငံထုတ် NZO-30 Nm3/hour အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး(၅)အိုး ထုတ်လုပ်နိုင်ကြောင်း၊ အောက်ဆီဂျင် များကို မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်းက တာဝန်ယူဖြန့်ဝေ ဆောင်ရွက်ပေးနေပြီး ဒေသအတွင်းရှိ အရေးပေါ်လူနာများနှင့် မိဘပြည်သူများ၏ အောက်ဆီဂျင် လိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)