မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်း/အလယ်တန်း ကျောင်းသား/သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး






မြိတ်၊ နိုဝင်ဘာ   ၁၆

 “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးကြစို့ ” ဆောင်ပုဒ်အတိုင်း ကျောင်းသား/သူများအား နိုင်ငံတော် အစီအစဉ်ဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေး Sinovac ကို မြိတ်မြို့နယ်ရှိ ကျောင်းသား/သူများအား ဒုတိယ အကြိမ် ကာကွယ်ဆေးအဖြစ် ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှ ကွင်းဆင်းထိုးနှံပေးလျက် ရှိရာ ယနေ့တွင် အထကကျောင်း(၅)ကျောင်းမှ ပထမအကြိမ်ထိုးနှံ ထားသည့် ကျောင်းသား/သူ များအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ 

ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ယနေ့တွင် အထက(၅)၊ အထက(၆)၊ အထက(၇)၊ အထက(၈)နှင့် အထက(၉)ကျောင်းများတွင် ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ဆရာ/မများနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြသည်။ မြိတ်မြို့နယ်တွင် ကျောင်းသား/သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ယမန်နေ့က စတင်၍ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) ကျောင်းများရှိ စတင်ထိုးနှံပေးခြင်းဖြစ်သည်။

မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့် အလယ်တန်း စာသင်ကျောင်း(၇၈)ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း(၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄)ကျောင်းရှိ အသက် (၁၂)နှစ်နှင့်အထက် အထက်တန်းနှင့် အလယ်တန်းကျောင်းသား/သူ (၆၂၀၅)ဦးအား ပထမကြိမ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ခိုင်ထူး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)