နမ့်စန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကာကွယ်ဆေး လုံးဝမထိုးရသေးသော အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကာကွယ်ဆေးထိုးစုရပ် အသီးသီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းကို အထက-ခွဲ (လေတပ်) ၊ အထက(မိုင်းစိတ်) နှင့် အထက (ဟိုက်ဖတ်) ရှိ ဆေးထိုးစုရပ်တို့တွင် ဆောင်ရွက်လျှက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များ၏ ကြီးကြပ်မှုဖြင့်လက်ထောက်ထောက်ပညာရေးမှူးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ၊ ဆရာ/ ဆရာမများ ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်း များက စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စုစုပေါင်း၄၈ ကျောင်း ရှိ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူ ၃၆၅၃ ဦးကို စုရပ် ၁၈ နေရာတွင် သတ်မှတ်ရက်များအတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့အထိ နမ့်စန် အ.ထ.က၊ မြို့မ အ.ထ.က နှင့် အမှတ်(၅)ရပ်ကွက် အ.ထ.က(ခွဲ) ကျောင်းရှိ ဆေးထိုး စုရပ်များ၌ ကျောင်းသား ကျောင်းသူ ၁၉၂၈ ဦးကို ထိုးနှံပေးနိုင်ခဲ့ကာ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးမည့် အစီအစဉ်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ကြိုတင်အသိပေး အကြောင်းကြား၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment