Pages

Pages

လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံသူ(၁၇၄၀)ရှိပြီး ယနေ့တွင် ဆက်လက် ထိုးနှံလျက်ရှိ



လမိုင်း၊ နိုဝင်ဘာ   ၈

မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ လျော့နည်းကျဆင်း လာသည်နှင့်အမျှ ရောဂါဖြစ်ပွားမှု တားဆီးထိန်းချုပ်လျော့နည်း ပပျောက်သွားစေရန်အတွက် မြို့နယ်ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့နှင့်အတူ ပြည်သူများ ပူးပေါင်းပါဝင် လာခြင်းကြောင့် ဆေးထိုးစုရပ်(၅)နေရာတွင် ကာကွယ်ဆေးများကို ယနေ့တွင်လည်း ဆက်လက် ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ကျန်းမာရေး ဝန်ထမ်းများနှင့် အတူပူးပေါင်းပြီး ဦးစားပေး ဦးတည်အုပ်စု(၅)ခုအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ အောက်တိုဘာ(၆)ရက်နေ့အထိ ဆေးထိုးပြီးသူ (၁၇၄၀)ဦးရှိပြီး ဖြစ်ကြောင်း ယခုဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဖြူဖြူအေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment