Pages

Pages

ဦးပိန်တံတားပေါ်မှ ရေထဲပြုတ်ကျသည့်ကလေးငယ်ကို သံဃာတော်တပါးက ကယ်ဆယ်ပေးနိုင်ခဲ့




မန္တလေး၊ နိုဝင်ဘာ ၇

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ ဦးပိန်တံတားပေါ်မှထိုင်နေသည့်ကလေးငယ်တဦးသည် နိုဝင်ဘာ၇ရက် ညနေပိုင်းက အင်းရေအတွင်းသိုပြုတ်ကြ၍ ရေနစ်ရာတွင် သံဃာတော်တပါးက ဆင်းကယ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ ကလေးငယ်အသက်ကိုကယ်ဆယ်ခဲ့သည့် သံဃာတော်က လူမှုကွန်ရက်သို့ရေးတင်ထားသည်မှာ"ဦးဇင်းက မန္တလေးကိုအလည်ရောက်တဲ့အခါ တံတားပေါ် 

 လမ်းလျှောက်ထွက်တိုင်း အဲဒီကလေးငယ်တွေနဲ့ဓာတ်ပုံရိုက်၊ မုန့်ဖိုးအမြဲပေးနေကျပါ။ ဒီနေ့လည်းပဲ လမ်းလျှောက်သွားတာပြန်အလာမှာ ကလေးငယ်ကပြုတ်ကျနေပြီး အပေါ်မှာကျန်ခဲ့တဲ့ ကလေးမလေးရဲ့ ညီမလေး ညီမလေးလိုအော်သံကို ကြားရတယ်။ ဒါနဲ့ ဦးဇင်းလည်း ဘာမှမစဉ်းစားချိန်မရတော့ပဲ ရေထဲကိုခုန်ချလိုက်တယ်။ အောက်ရောက်တော့ ကိုယ့်သင်္ကန်းနဲ့ကိုယ်ထွေးလုံးနေတာနဲ့သင်္ကန်းတွေချွတ်ထားပြီးမှ အချိန်မီကယ်ခဲ့ရတယ်"ဟု ရေးသားထားသည့်

ကလေးငယ်ကိုကယ်ဆယ်ခဲ့သည့် သံဃာတော်သည် မကွေးတိုင်းဒေသကြီးမှ မန္တလေးမြိုသို့ ခေတ္တရောက်ရှိနေသည့် သံဃာတော်တပါးဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ ဦးခေမိန္ဒ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment