Pages

Pages

ရခိုင်ပြည်နယ် မောင်းတောမြို့၌ စိတ်ကြွရူးသွပ်ဆေးပြား(၄၄၁၇)ပြားခန့်အား ဖမ်းဆီးရမိ



မောင်းတော၊ နိုဝင်ဘာ  ၈

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ နိုဝင်ဘာ ၇ ရက် နေ့လယ်(၁၂:၄၅) မိနစ် အချိန်ခန့်တွင် မောင်တောမြို (၄)မိုင်ရပ်ကွက် နေထိုင်သူ တစ်ဦး၏ နေအိမ်တစ်လုံးမှ စိတ်ကြွရူးသွပ်ဆေးပြား(၄၄၁၇)ပြားခန့်အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရ သည်။ 

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့် အတူ မူးယစ်ဆေးဝါး သတင်းအရ  မောင်တောမြို့ (၄)မိုင်ရပ်ကွက် နေထိုင်သူ အဒူလာမိန်(ကျား)နေအိမ်အား ရှာဖွေဝရမ်းဖြင့်  ဝင်ရောက်ရှာဖွေရာ အဒူလာ မိန်(ကျား)နေအိမ်တွင် အသင့်တွေ့ရှိပြီး နေအိမ်အား အသေးစိတ် ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ အဝတ်ထည့်သည့် သံသေတ္တာအတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်(၁)အိတ်အတွင်း မိုင်းကိုင်စက္ကူဖြင့်ပတ်ထားသော အထုပ်(၂)ထုပ် အတွင်းမှ အပြာရောင် ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် အပြာရောင်ကပ်ခွာအိတ်(၁)လျှင် စိတ်ကြွရူးသွပ်ဆေး ပြား ဟုယူဆရသော WY နှင့် R စာတမ်းပါ  နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၉၅)ပြားစီပါ (၁၈)ထုပ် ၊ နီညိုရောင် ဆေး ပြားပေါင်း (၃၅၁၀)ပြား၊ WY နှင့် R စာတမ်းပါ လိမ္မော်ရောင်ဆေးပြား(၁၉၅)ပြားစီပါ(၄)ထုပ် ၊ ဆေးပြား(၁၂၇)ပြားပါ (၁)ထုပ် ၊ လိမ္မော်ရောင်ဆေးပြားပေါင်း(၉၀၇)ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား (၄၄၁၇)ပြား ၊အလေးချိန်(၃၉၇.၅၃) ဂရမ်ခန့် (ဒေသကာလ တန်ဖိုး ၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့်  ၈၈၃၄၀၀၀ ကျပ်)အား ရှာဖွေ တွေ့ရှိခဲ့ပြီး မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ  အဒူလာမိန်(ကျား) အသက်(၄၂)နှစ်၊(ဘ)အဒူကော်ယုန်  (၄)မိုင်ရပ်ကွက် ၊ မောင်တော မြို(ဖမ်းဆီးရမိ) နှင့် ကွင်းဆက်တရားခံ ဆေးပြားများလာရောက်ပိုဆောင် ရောင်းချပေးသူ ဖော်ဇူ(ခ)ဖော်ဇူလောက်(ကျား) အသက် (၃၀)နှစ်  မောင်တောမြို့နယ်(မဖမ်းမိသေး)တို့ (၂)ဦးအား  နယ်မြေစခန်း(ပြင်ဖြူ) မယ(ပ) ၂၉ /၂၀၂၁  ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရား ဉပဒေ အရ အရေး ယူနိုင် ရေး  စီစဉ် ဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက် တရားခံများအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဝေလ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment