ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး


ဖလမ်း၊ နိုဝင်ဘာ  ၁၉

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ သတ်မှတ်ထား သည့်အကွာအဝေးအတိုင်း စနစ်တကျ တန်းစီစေပြီးနောက် ကာကွယ်ဆေးမထိုးနှံပေးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်စင်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းပြုလုပ်ပြီး နောက် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ရာ ပထမအကြိမ် (ပထမနေ့)တွင် ကျား (၁၀၅)ဦးနှင့် မ (၂၆၃)ဦး စုစုပေါင်း ( ၂၆၈ )ဦးတို့ကိုထိုးနှံ ပေးခဲ့သည်။

အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် (ပထမနေ့) ထိုးနှံပေးနေမှုကို ဖလမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ခေါင်တို့ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုရှိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)