တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

တမူး၊ နိုဝင်ဘာ   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်အထက်ရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများ၊ အသက်(၁၂)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၈)နှစ်အထက်ရှိ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ သာသနဝန်ထမ်းများ၊ ယာဉ်မောင်း ယာဉ်နောက်လိုက်များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ လူမှုရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်နေသော လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များတို့ကို ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် ဆေးလာရောက် ထိုးနှံကြသူများကို ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံခြင်းကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အခက်အခဲမရှိ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေး ဝန်ထမ်းများ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်း - ကျော်ကြီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)