ကလေးငယ်များကို လွတ်လပ် အေးချမ်းစွာ စာသင်ခွင့်ပေးရန် ဒေသခံ ကရင်လူမျိုးများ တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလေးငယ်များကို လွတ်လပ် အေးချမ်းစွာ စာသင်ခွင့်ပေးရန် ဒေသခံ ကရင်လူမျိုးများ တောင်းဆို





ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ ၁၀

ယနေ့ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၀ရက်နေ့ (၁၀ ၄၅) အချိန်ခန့်မှ (၁၂ ၀၀) နာရီအထိ  ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာအုပ်စု၊ ကျုံခဝန်ရွာ အထက(ခွဲ)ကျောင်းရှေ့၌ ဒေသခံ ကရင်လူမျိုးများမှ KNU တပ်မဟာ(၆)နှင့် PDF များမှ ကျောင်းသားများနှင့် ဆရာများအား ခြိမ်းခြောက်ခြင်းကို လက်မခံခြင်း၊ စာသင်ကျောင်းများပြန်ဖွင့်ရန်နှင့် ကလေးများလွတ်လပ်စွာနှင့် စိတ်အေးချမ်းလုံခြုံစွာပညာသင်ကြားခွင့်ရစေရန် ပိုစတာရေးသားကိုင်ဆောင်လျက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဒေသခံ ကရင်အမျိုးသားများက ကလေးငယ်များ စာသင်ကျောင်း ဖွင့်ပေးပါ၊ ကလေးငယ်များ လွတ်လပ်စွာ စာသင်ခွင့်ပေးပါ၊ ကလေးငယ်များ စိတ်အေးချမ်းစွာ စာသင်ခွင့်ပေး ဟု ရေးသားထားသော ပိုစတာများကို ကိုင်ဆောင်၍ ကျုံခဝန် အထက(ခွဲ)ကျောင်းရှေ့မှ စတင်လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကလေးငယ်များ၏ အနာဂတ်ကို ရှေးရှု၍ ပညာရေးနောက်မကျစေရန် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများက ကျောင်းများ ပြန်လည်ဖွင့်လှစ်သည်ကို နှောက်ယှက်နေကြပြီး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် အချို့ဒေသများတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

ကျောင်းများပြန်လည်ဖွင့်လှစ်သည့်နေ့ ရန်ကုန်မြို့ပေါ်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) အထက(၂)တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမကြီး ဒေါ်လှလှသန်းအား NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)