မိုင်းစံ၊ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ နေအသက် ၁၈ နှစ်အထက်ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးခြင်းကို ယနေ့ လယ်(၁၂)နာရီအချိန်က မိုင်းစံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့၍ ကာကွယ်ဆေး ထိုးနှံပြီးကြောင်းလက်မှတ်အား ပြည်သူများထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ခင်ချို
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment