ညောင်ဦးတွင် လုံခြုံရေးတပ်ဖွဲနှင့် အကြမ်းဖက်လက်နက်ကိုင်များ ပစ်ခတ်မှုဖြစ်၊ သုံးဦးအသေ၊ ခြောက်ဦးအရှင်ဖမ်းမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးတွင် လုံခြုံရေးတပ်ဖွဲနှင့် အကြမ်းဖက်လက်နက်ကိုင်များ ပစ်ခတ်မှုဖြစ်၊ သုံးဦးအသေ၊ ခြောက်ဦးအရှင်ဖမ်းမိ


ညောင်ဦး၊ နိုဝင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်၊ ယက်စမ်းကျေးရွာအနီးတွင် နိုဝင်ဘာလ ၈ ရက်နံနက် ၂း၃၀ နာရီအချိန်၌အကြမ်းဖက် သောင်းကျန်းသူလက်နက်ကိုင်များက လုံခြုံရေး အဖွဲများကိုပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးလက်နက်ကိုင်သုံးဦးကို အသေ၊ ခြောက်ဦးကိုအရှင်ဖမ်းမိကြောင်း လခရ တာဝန်ရှိသူကဆိုသည်

လုံခြုံရေးတပ်ဖွဲ့သည် ယက်သမ်းကျေးရွာအနီး ယာစောင့်တဲအတွင်း လက်နက်ကိုင်များစုဝေး နေကြောင်း သတင်းအရ သွားရောက်ရာ တဲအနီးအရောက် လက်နက်ကိုင်များက လက်လုပ်ဗုံးများလက်လုပ်သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ကပြန်လည်ပစ်ခတ်ဖမ်းဆီးရာမြင်းခြံမြို၊ အမှတ်(၁)ရပ်ကွက်နေ အောင်ကျော်ထူးပါသုံးဦးကို အသေဖမ်းမိပြီးညောင်ဦးမြို၊သူကောင်းတည်ရွာနေ ဖိုးလုံး(ခေါ်)သိန်းစိုးပါခြောက်ဦးကိုလက်လုပ်သေနတ်လေးလက်၊ လက်လုပ်ဗုံး ၁၀ လုံးဖြင့်အရှင်ဖမ်းမိကြောင်းသတင်းရရှိပါသည်။

လက်ရှိအချိန်တွင် လုံခြုံရေးပိုင်းအားအထူးဆောင်ရွက်လျှက်ရှိကြောင်း ဒေသခံများကဆိုသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)